ရန်ကုန်တိုင်း၊
လှည်းကူးမြို့နယ်၊ရဲမွန်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်း၍ ဓမ္မဂုဏ်ရောင်
အသင်းကြီးကို ၁၃၇၁ ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၇)ရက်၊ ၂၀၁၀ပြည့်နှစ်၊ မတ်လ (၂၁)ရက်
တနင်္ဂနွေနေ့တွင် အောင်မြင်စွာဖွဲ့စည်းခဲ့ပါသည်။
၁။ရည်ရွယ်ချက်
(က)မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များကို လူအများ သိရှိ၊
လိုက်နာ၊ ကျင့်သုံးခြင်းအားဖြင့် ဗုဒ္ဓသာသနာ တော်အရှည်တည်တံ့ စည်ပင်ပြန့်ပွားစေရန်။
(ခ)အထူးအားဖြင့်လူငယ်အများဗုဒ္ဓအဆုံးအမတရားတော်များကိုသိရှိနားလည်ပြီး၊ဘုရား၊တရား၊သံဃာ တော်များနှင့် ရင်းနှီးကျွမ်းဝင်၍ ယဉ်ကျေးလိမ္မာသော
လူချွန်၊ လူကောင်းများ ဖြစ်လာစေရန်။
(ဂ)တစ်ရွာလုံးနှင့်သက်ဆိုင်သောဘာသာရေး၊လူမှုရေး၊
အဖွဲ့အစည်းဖြစ်၍ တစ်ရွာလုံးပါဝင်ခြင်းအားဖြင့် အချင်းချင်းပိုမို၍ ချစ်ခင်၊ ရင်းနှီးစည်းလုံး၊
ညီညွတ်မှုရှိစေရန်။
၂။လုပ်ငန်းစဉ်
(က)တစ်နှစ်လျှင်အနည်းဆုံးတစ်ကြိမ်၊တစ်ကြိမ်လျှင်
၃ရက် ထက်မနည်းသော တရားအလှူပေးလှူခြင်း (တရားပွဲ)ကို ဆရာတော်ကြီးများအား ပင့်ဖိတ်၍စည်ကားစွာ
ကျင်းပခြင်း။
(ခ) တစ်ရွာလုံးနှင့်သက်ဆိုင်သော ဗုဒ္ဓဘာသာရေး၊ လူမှုရေးများ၌
ပါဝင်ကူညီဆောင်ရွက်ခြင်း။
(ဂ) အသင်းသားဦးရေ တိုးပွားရေး၊ စည်းလုံးရေး ဆောင်ရွက်ခြင်း။
(ဃ)အသင်းဝင်ငွေတိုးတက်ရရှိရေးအတွက်လစဉ်တစ်လတစ်ကြိမ်
ကျေးရွာတွင်းလှည့်လည်အလှူခံခြင်း။
(င) ပုံမှန်အစည်းအဝေးများကျင်းပ၍ အသင်းတိုးတက်ရေး၊
ဆွေးနွေးအကြံပေးခြင်း၊
(စ) ငွေကြေးနှင့် အသင်းပိုင်ပစ္စည်းများအား စနစ်တကျ စီမံခန့်ခွဲခြင်း၊
ဖွဲ့စည်းပုံ
နာယက(၁) ဒေါက်တာမျိုးဝင်း
ကျေးရွာအုပ်ချုပ်ရေးမှုး၊
၀၉ ၅၃၉၃၃၆၅
နာယက(၂) ဗိုလ်မှူးမောင်မှုံ (ငြိမ်း)
၀၁ ၆၂၅၂၉၉ ၀၉၄၉၂၅၁၀၉၃
နာယက(၃) ဦးလှသောင်း
မှူး/အုပ် (ငြိမ်း)
ဥက္ကဋ္ဌ ဦးဝင်းလှိုင်
၀၁ ၆၂၅၀၅၃
အတွင်းရေးမှူး ဦးရန်နိုင်မိုး
၀၁ ၆၂၅၂၂၉
ဘဏ္ဍာရေးမှူး ဦးဝင်းလွင်၊ ဦးနော်လီ
စာရင်းစစ် ဦးတင်ဋ္ဌေး၊ ဦးအောင်ကြီး
အမှုဆောင် ဦးကြင်သိန်း၊ ဦးလှမြင့်၊ ဦးမြကြူ၊ ဦးဝင်းထွန်း၊
ဦးဝင်းကို၊ ဦးသောင်းဝင်း
